ရုရှားဂျက်လေယာဉ်များ အိုင်အက်စ်ပစ်မှတ်ကို ဗုံးကြဲသည့်ရုပ်သံ ထုတ်ပြန်
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ ТU-22M ဗုံးကြဲလေယာဉ်တွေဟာ ဆီးရီးယားမှာ စစ်ရေးဆင်နွှဲနေပြီး ပါမစ်ရာမြို့နားက အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို ဗုံးကြဲခဲ့တယ်လို့ ဇူလိုင် ၂၁ ရက်က ပြောပါတယ်။
ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရုပ်သံတွေထဲမှာ ဂျက်လေယာဉ်တွေက ဗုံးကြဲချနေတဲ့ ပုံတွေ၊ ပစ်မှတ်ကိုထိအပြီး မီးခိုးတွေ တက်လာပုံတွေကို ပြသထားပါတယ်။
အိုင်အက်စ်တွေရဲ့ အမိန့်ပေး ကွပ်ကဲရေးဌာန ၂ ခုအပြင် တကိုယ်ရေသုံးနဲ့ စစ်ဘက်သုံး စက်ပစ္စည်းတွေ ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေကိုလည်း လေကြောင်းတိုက်ခိုက်မယ့် အချိန်နဲ့ လမ်းကြောင်းကို ကြိုတင် သတိပေးထားခဲ့တယ်လို့လည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။