A d v e r t i s e m e n t With Us

နယူးကာဆယ် ကွင်းလယ်လူ ၀ီလ်နယ်ဒမ်ကို လီဗာပူး ခေါ်

ဓာတ်ပုံ - ရိုက်တာ
လီဗာပူးအသင်းဟာ နယူးကာဆယ်အသင်း ကွင်းလယ်လူ ၀ီလ်နယ်ဒမ်ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင် ၀ီလ်နယ်ဒမ်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၁၁ ဂိုးသွင်းကာ ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်း တန်းဆင်းခဲ့ရတဲ့အတွက် အသင်းမှာ ဆက်ရှိဖို့ မရေမရာ ဖြစ်လာတာပါ။ ၀ီလ်နယ်ဒမ်ကို စပါးအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၀ီလ်နယ်ဒမ်ဟာ လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲတွေ ကစားနေပြီး တပတ်အတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up