A d v e r t i s e m e n t With Us

ရေနစ်နေသူအား ကယ်တင်ခဲ့သည့် လူငယ်တဦးကို ၀ိုင်းဝန်းချီးကျူး (ရုပ်သံ)

အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်မြို့မှာ မြစ်ထဲ ရေနစ်နေခဲ့သူတဦးကို လူငယ်တဦးက ကယ်တင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇူလိုင် ၁၈ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က တိုင်းမြစ်ထဲမှာ ဖြစ်ခဲ့ပြီး အမည်မသိရတဲ့ လူတဦးဟာ ရေထဲမှာ နစ်မြုပ်တော့မလို အခြေအနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရတာပါ။ နယူးကာဆယ် အီးဗနင်းခရိုနီကယ်လ် သတင်းစာရဲ့ အဆိုအရ အဲဒီ ကယ်ဆယ်ခဲ့သူ အမျိုးသားဟာ အသက် ၂၁ နှစ်အရွယ် လူငယ် ဂျိုး ဒီဗာဒစ်စ်ဖြစ်ပြီး သူဟာ ရေနစ်တော့မယ့်ဆဲဆဲဖြစ်နေတဲ့ အမျိုးသားကို ပွေ့ချီဆွဲယူ ကယ်တင်နိုင်ခဲ့တာပါ။ သူဟာ ကမ်းခြေဆီရောက်အောင် ဆွဲခေါ်လာပြီးနောက်မှာမှ အရေးပေါ် ကယ်ဆယ်ရေးကားတွေ ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်အတွင်းမှာတော့ ၂ ဦးစလုံး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိတာမျိုး ရှိခဲ့ပုံမပေါ်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up