အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ရန် ချဲလ်ဆီး ပစ်မှတ်ထား
မိုရာတာကိုခေါ်ယူဖို့ အဆင်မပြေဖြစ်နေတဲ့ ချဲလ်ဆီးအသင်းဟာ အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
စပိန်တိုက်စစ်မှူး မိုရာတာဟာ စာချုပ်ပါ အချက်အလက်တွေအရ ဂျူဗပ်တပ်အသင်းကနေ ရီးရဲလ်အသင်းဆီ ပေါင် ၂၃ သန်းနဲ့ ပြန်လည်ရောက်ရှိနေတာ ဖြစ်ပါတယ်။
မိုရာတာအတွက် ချဲလ်ဆီးအသင်းက ကနဦးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရသလို ပေါင် ၆၂ ဒသမ ၇ သန်းနဲ့ ကမ်းလှမ်းမှုကိုလည်း ရီးရဲလ်အသင်းက ပယ်ချထားပါတယ်။
ဒါကြောင့် အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ပစ်မှတ်ထားလာတာပါ။
အသက် ၂၃ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ချဲလ်ဆီးကစားသမားဟောင်းတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။