A d v e r t i s e m e n t With Us

အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ရန် ချဲလ်ဆီး ပစ်မှတ်ထား

ဓာတ်ပုံ - ရိုက်တာ
မိုရာတာကိုခေါ်ယူဖို့ အဆင်မပြေဖြစ်နေတဲ့ ချဲလ်ဆီးအသင်းဟာ အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာဟာ စာချုပ်ပါ အချက်အလက်တွေအရ ဂျူဗပ်တပ်အသင်းကနေ ရီးရဲလ်အသင်းဆီ ပေါင် ၂၃ သန်းနဲ့ ပြန်လည်ရောက်ရှိနေတာ ဖြစ်ပါတယ်။ မိုရာတာအတွက် ချဲလ်ဆီးအသင်းက ကနဦးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရသလို ပေါင် ၆၂ ဒသမ ၇ သန်းနဲ့ ကမ်းလှမ်းမှုကိုလည်း ရီးရဲလ်အသင်းက ပယ်ချထားပါတယ်။ ဒါကြောင့် အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ပစ်မှတ်ထားလာတာပါ။ အသက် ၂၃ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ချဲလ်ဆီးကစားသမားဟောင်းတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က အဲဗာတန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up