A d v e r t i s e m e n t With Us

လက်မြှောက်ထားသည့် လူမည်းကို ရဲများပစ်ခတ် (ရုပ်သံ)

မသန်စွမ်းတဦးကို ကူညီဖို့ ကြိုးစားနေစဉ် အမေရိကန်ပြည်ထောင်စု မြောက်မီယာမီ ရဲတွေက ရိုင်ဖယ်နဲ့ ခြေထောက်ကို ပစ်ခဲ့တယ်လို့ အပစ်ခံရတဲ့ အသက် ၄၇ နှစ်အရွယ် ချာလ်စ်းကင်ဆေးက စွပ်စွဲလိုက်ပါတယ်။ ကင်ဆေးက လက်တွေကို လေထဲမြှောက်ထားပြီး အရာရှိတွေကို မပစ်ဖို့ ပြောဆိုနေတဲ့ ကင်ဆေးရဲ့ ရှေ့နေဖြစ်သူ ဖုန်းကနေ ရိုက်ကူးထားတဲ့ ဗွီဒီယို ရုပ်သံဖိုင်ကို ဇူလိုင် ၂၀ ရက်က ထုတ်ပြန်လိုက်ပါတယ်။ ရုပ်သံမှာ ၂၃ နှစ်အရွယ် မသန်စွမ်းသူကလည်း ကစားစရာတခုနဲ့ ထိုင်ကစားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်တွေ လေထဲမြှောက်ထားတဲ့အချိန် သေနတ်နဲ့ ပစ်ခံရတာဟာ ခြင်ကိုက်သွားတယ်လို့ ထင်မိတဲ့အကြောင်း၊ နောက်မှ သေနတ်ပစ်ခံရပြီကို သိလိုက်ရကြောင်း ကင်ဆေးက ပြောပါတယ်။ ဘာကြောင့်ပစ်သလဲလို့ အရာရှိတွေကို မေးမြန်းရာမှာတော့ မသိဘူးလို့ ဖြေတယ်လို့လည်း သူက ပြောပါတယ်။ သေနတ်သမားတဦးက ကိုယ့်ကိုယ်ကိုယ် ပစ်သတ်မယ်လို့ ခြိမ်းခြောက်တဲ့ သတင်းပေးတာကို ရဲတွေက လက်ခံရရှိခဲ့ပြီး အရာရှိတွေ ရောက်သွားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ ကင်ဆေးက သက်သာလာပြီ ဖြစ်သလို မကြာခင် ရက်ပိုင်းမှာ ဆေးရုံကနေ အမြန်ဆုံးဆင်းဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ရဲတပ်ဖွဲ့တွေရဲ့ အင်အားသုံးဖြေရှင်းမှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်မှာ ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up