A d v e r t i s e m e n t With Us

ငါးလေလံကိစ္စ မကျေနပ်‬သဖြင့် ကောလင်း တောင်သူများ ဆန္ဒပြ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့မှာ ငါးလုပ်ငန်းဦးစီးဌာနကနေ ငါးလေလံကို ဈေးပြိုင်စနစ် အသုံးမပြုဘဲ ကြေးတိုင်စနစ် အသုံးပြုတဲ့အတွက် မကျေနပ်လို့ တောင်သူ ၃၀၀ ကျော်က ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ သဲကုန်းရွာနဲ့ အခြားရွာတွေက တောင်သူ ၃၀၀ ကျော်ဟာ ဇူလိုင် ၂၁ ရက် မနက် ၉ နာရီလောက်က စတင်ပြီး နေ့လယ် ၁၂ နာရီလောက်ထိ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေဟာ ဒေါင်းမြူးချောင်းရေ ဘယ်သူ့ရေလဲ ငါတို့ရေ၊ မွေးမြူရေးနဲ့ရေလုပ်ငန်းဦးစီးဌာန အလိုမရှိ၊ လယ်သမားအနိုင်ကျင့်သူ ပြည့်သူ့ရန်သူ စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ - အောင်ကိုလတ်  

A d v e r t i s e m e n t With Us

More News
Up