A d v e r t i s e m e n t With Us

တိမ်းမှောက်ကားအား ပြန်ထောင်ရာမှ သတိမေ့နေသည့် ကားမောင်းသမားကိုတွေ့ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနား အဝေးပြေးလမ်းမပေါ်မှာ တိမ်းမှောက်နေတဲ့ ကားတစီးကို လူအုပ်စုက ပြန်လည်တည့်မတ်ရာမှာတော့ ကားအောက်မှာ မမျှော်လင့်ဘဲ ကားသမားကို တွေ့လိုက်ရပါတယ်။ ဇူလိုင် ၁၂ ရက်က တိမ်းမှောက်သွားတဲ့ ကားအောက်မှာ သတိမေ့နေတဲ့ အသက် ၂၀ အရွယ် ကားမောင်းသမား ဂျိုနသန်ဂျန်ဇက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကားက ပေါက်ကွဲမလားမကွဲမလားဆိုတာကို မသိဘဲ လူစိမ်းတဦးကို လူအုပ်က ကယ်ခဲ့တယ်လို့ ဂျန်ဇက်က ပြောပါတယ်။ ကားမောင်းရာမှာ ခါးပတ်ပတ်ထားတဲ့အတွက် ကားပေါ်ကနေ အဝေးကို စင်ထွက်မသွားတာလို့လည်း သူက ဆိုပါတယ်။ ကားမှောက်သွားပြီးတဲ့နောက် သတိမေ့သွားသလို ကားနောက်က အရာတခုကို ဆွဲကိုင်ဖို့ ကြိုးစားပေမယ့် မရဘူးလို့လည်း ဂျန်ဇက်က ပြောပါတယ်။ ကယ်ဆယ်သူတဦးဖြစ်တဲ့ ဘတ်ဆောရင်ကတော့ ကိုလံဘီယာမှာ သူငယ်ချင်းတဦးနဲ့ တွေ့ဖို့သွားနေစဉ် အရှိန်နဲ့ ကားတစီး တိမ်းမှောက်သွားတာကို မြင့်တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ကားဆီကနေ ဓာတ်ငွေ့စိမ့်ထွက်နေတာကို မသိသလို တစုံတဦးကို အသက်ရှင်လျက်ရှိမယ်လို့ မထင်မှတ်ထားတဲ့အကြောင်း ဆောရင်က ပြောပါတယ်။ လူ ၄ ဦး ကားကို ပြန်ထောင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့သလို အချိန်ကြာလာတာနဲ့ အမျှ လူတွေများလာတယ်လို့လည်း ဆိုပါတယ်။ ကားကိုထောင်ပြီးတဲ့နောက် လူတယောက်ကို တွေ့လိုက်ရာမှာတော့ အားလုံး အံ့အားသင့်ကုန်တယ်လို့ ပြောပါတယ်။ ကယ်တင်အပြီးလူတွေက အံ့သြမှင်တက်သွားသလို တချို့ဆိုရင် ငိုယိုပြီး အချင်းချင်း ပြန်ဖက်နေကြတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်မှုဟာ ၈ မိနစ်ကြာမြင့်ပြီး ဆိုရင်က ဒီဖြစ်စဉ်ကို မှတ်တမ်းတင်ထားကာ လူမှုရေး ကွန်ရက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ခဲ့ပြီးမကြာခင် အရေးပေါ် အရာရှိတွေက ရောက်ရှိလာတယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up