A d v e r t i s e m e n t With Us

ဘီဘီစီသတင်းထောက် ပြန်လွတ်

ကိုနေလင်း
မန္တလေးမြို့က ဘီဘီစီသတင်းထောက် ကိုနေလင်းကို ခရိုင်တရားရုံးက ပြစ်ဒဏ် ၁ လခွဲ လျှော့ပြီး ဒီနေ့ပဲ လွှတ်ပေးလိုက်တယ်လို့ သူ့ရှေနေ ဦးသိန်းသိန်းဦးက ပြောပါတယ်။ “ဒီနေ့ပဲ အမိန့်ချတယ်၊ တရားရုံးက ပြစ်ဒဏ် ၁ လခွဲ လျှော့ပေးလိုက်တယ်။ ရုံးရှေ့မှာ လွတ်သွားပြီပေါ့နော်၊ အယူခံကြောင့် လွှတ်ပေးတာပါ။ ဇွန် ၆ ရက်က အမိန့်ချတယ်၊ ဇူလိုင် ၇ ရက်က နှစ်ဘက် လျှောက်လဲချက် ကြားနာတယ်၊ အခု အမိန့်ချလိုက်တယ်။ ၁ လခွဲ တင်းတင်းပြည့်တဲ့နေ့မှာပဲ ပြစ်ဒဏ် ၁ လခွဲ လျှော့လိုက်တယ်ဆိုတော့ ရုံးရှင် လွှတ်ပေါ့၊” မန္တလေးခရိုင်တရားရုံးကို ကျေးဇူးတင်စကား ဆိုရမယ်၊ လူထုအစိုးရလက်ထက်မှာ တရားစီရင်ရေးအပိုင်းကလည်း လိုက်ပါပြောင်းလဲနေNပီလို့ ဆိုရမယ်လို့ ဦးသိန်းသန်းဦးက မှတ်ချက်ပြု ပြောပါတယ်။ မန္တလေး ချမ်းမြသာစည်‌တရားရုံးမှာ  တရားစွဲဆိုခံထားရတဲ့ ဘီဘီစီ မြန်မာပိုင်းသတင်း‌ထောက်‌ ကိုနေမျိုးလင်း (ခ) ကိုနေလင်းကို ပြီးခဲ့တဲ့ ဇွန်လမှာ အလုပ်နဲ့ ထောင် ၃ လ ချမှတ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်‌ မတ်‌လ ‌ကျောင်းသားသပိတ်မှာ တာဝန်‌ကျရဲဝန်‌ထမ်းတဦးနဲ့ ဘီဘီစီ သတင်း‌ထောက်‌ ကိုနေလင်းတို့ ရုန်းရင်းဆန်ခတ်‌ဖြစ်‌ပွားခဲ့ပြီး ရဲတပ်‌ဖွဲ့ဝင်‌မှာ မျက်‌ခုံးကွဲဒဏ်‌ရာ ရရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ဒီအဖြစ်အပျက်အတွက် ရဲကို တာဝန်‌ဝတ္တရားထမ်း‌ဆောင်‌‌နေစဉ်‌ နာကျင်‌‌စေမှု  ပုဒ်‌မ ၃၃၂ နဲ့ သတင်းထောက်ကို တရားစွဲပြီး တနှစ်‌‌ကျော်‌အကြာစစ်ဆေးပြီးမှာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up