A d v e r t i s e m e n t With Us

ရာသီကြို ခြေစမ်းပွဲတွင် နိုင်ပွဲဆက်သည့် လီဗာပူး (ရုပ်သံဟိုက်လိုက်)

လာမယ့် ဘောလုံးရာသီမစမီ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ပြီး နိုင်ပွဲဆက်နေတဲ့ လီဗာပူးအသင်းဟာ ဇူလိုင် ၂၀ ရက်က အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဟတ်ဒါစ်ဖီးလ်ဒ်တောင်း အသင်းနဲ့ ယှဉ်ပြိုင်ရာမှာလည်း ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးအသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ပေးဂိုးမရှိဘဲ ဂိုးပြတ်တွေနဲ့ အနိုင်ယူထားတာပါ။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ဖာမီနို၊ ကော်တင်ဟို၊ မာနီ၊ လိုဗရန်၊ လူးကပ်စ်၊ မိုရီနို အစရှိတဲ့ အဓိက ကစားသမား အများစု ပွဲထုတ်ယှဉ်ပြိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို ၃၂ မိနစ်မှာ ဂရူဂျစ်၊ မိနစ် ၉၀ မှာ မိုရီနိုတို့က သွင်းယူပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up