A d v e r t i s e m e n t With Us

ခြေစမ်းပွဲတွင် နိုင်ပွဲပြန်ရသည့် ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ်မစတင်မီ ခြေစမ်းပွဲအဖြစ် ဇူလိုင် ၂၀ ရက်က သြစတြီးယားကလပ် ၀ုဖ်စ်ဘာဂါအေစီ အသင်းနဲ့ ယှဉ်ပြိုင်ရာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒါဟာ နည်းပြသစ် ကွန်တီလက်ထက် ချဲလ်ဆီးအသင်းအတွက် ရာသီကြိုပြင်ဆင်မှု ဒုတိယမြောက် ခြေစမ်းပွဲစဉ်ပါ။ နည်းပြသစ် ကွန်တီဟာ ချဲလ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲထွက်ခဲ့တဲ့ ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီပွဲစဉ်ကို သေချာပြင်ဆင်ခဲ့ပြီး တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ ကော့စတာ၊ မာတစ်၊ ၀ီလျံ၊ အော်စကာ စတဲ့ အမာခံကစားသမားတွေကို ထုတ်သုံးသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၄၁ မိနစ်မှာ ၀ီလျံရဲ့ ဖြတ်တင်ဘောကို ထရာအိုရီက ပိတ်သွင်းပြီး ရယူပေးခဲ့တာပါ။ အဲဒီနောက် ပွဲချိန် ၈၄ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် လော့ဖ်တပ်စ်ချိခ်က ခေါင်းတိုက်ပြီး ချဲလ်ဆီးအတွက် ဒုတိယဂိုး၊ မိနစ်၉၀ မှာ ချာလိုဘာက ဂိုးဧရိယာတွင်းက အပြင်းကန်သွင်းပြီး တတိယဂိုး ရယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up