တရုတ်ရှပ်ပြေးရေယာဉ်တစီး တံတားနှင့်တိုက်မိ၊ ၅ ဦးသေဆုံး (ရုပ်သံ)

1.3K
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ဇူလိုင် ၂၀ ရက်နေ့၊ နေ့လယ်ပိုင်းက ရှပ်ပြေးရေ ယာဉ်တစီးဟာ အဝေးပြေးတံတားတစင်းနဲ့ တိုက်မိခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းဆေးရုံက အတည်ပြုပြောဆိုပါတယ်။
ဘီ-၁၀အက်ဒဗလျူ အမည်ရ အဆိုပါ ရှပ်ပြေးရေယာဉ်ပေးမှာ လူ ၁၀ ဦးလိုက်ပါ လာတာဖြစ်ပြီး ဇီကျန်းခရိုင်၊ ဇောင်ရှန်းမြို့ကနေ ဂျင်ရှန်းခရိုင်၊ ရှန်ဟိုင်းမြို့ဆီအသွား လမ်းလယ်မှာ ခုလိုတိုက်မိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်ပေါ်ပါခရီးသည် ၅ ဦးကတော့ ဂျင်ရှန်းဆေးရုံဆီ ပို့ဆောင်ချိန် လမ်းမှာပဲ သေဆုံးသွားခဲ့ကာ တဦးကတော့ ဆိုးဆိုးဝါးဝါးထိခိုက်ဒဏ်ရာရရှိခဲ့တာမို့ ခွဲစိတ်ကုသ ခံရမယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ရေယာဉ်မောင်းသူအပါအ၀င် ကျန်တဲ့လူ ၄ ဦးကတော့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ ကြပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
ဒေသတွင်းကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးသွားတဲ့ယာဉ်ကို ရေထဲကနေ ဆယ်ယူခဲ့ကြရတာပါ။
ဒီရှပ်ပြေးရေယာဉ်ဟာ AVIC Joy General Aviation ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ် တယ်လို့ ရှန်ဟိုင်းအစိုးရသတင်းပြန်ကြားရေးရုံးက ဆိုပါတယ်။
ခုလိုရှပ်ပြေးရေယာဉ်တွေနဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်တာဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ပထမဆုံးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။