A d v e r t i s e m e n t With Us

ရာသီကြိုခြေစမ်းပွဲတွင် မန်စီးတီးကို ဘိုင်ယန်မြူးနစ် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဘောလုံးရာသီအသစ် မစတင်မီ ရာသီကြိုခြေစမ်းပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့ ဇူလိုင် ၂၀ ရက်က ယှဉ်ပြိုင်ရာ ဘိုင်ယန်မြူးနစ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးနည်းပြသစ် ဂွါဒီယိုလာရဲ့ ပထမဆုံးပွဲစဉ်မှာ အသင်းဟောင်းနဲ့ ရင်ဆိုင်ပြီး ရှုံးနိမ့်သွားတာလည်း ဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ နာမည်ကြီးကစားသမား အများစု မပါဝင်ဘဲ လူငယ်တွေ အရန်ကစားသမားတွေနဲ့ ပွဲထုတ် ယှဉ်ပြိုင်သွားကြတာပါ။ ပွဲချိန် ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ အပိုင်ကန်သွင်းချက်တချို့ကို မန်စီးတီးဂိုးသမား ကာကွယ်နိုင်ခဲ့လို့လည်း မန်စီးတီး အရှုံးသက်သာခဲ့တာပါ။ ပွဲချိန် ၇၆ မိနစ်မှာ မန်စီးတီး နောက်တန်းက ရှင်းထုတ်လိုက်တဲ့ဘောလုံး ဒိုင်လူကြီးနဲ့ထိပြီး ဘိုင်ယန်မြူးနစ် ကစားသမားဆီ ရောက်ရှိသွားရာက အပြင်းကန်သွင်းပြီး ဘိုင်ယန် အနိုင်ဂိုး ရရှိသွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up