A d v e r t i s e m e n t With Us

အိုဘားမား သမ္မတသက်တမ်းအတွင်း ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လာရန် ထပ်ဖိတ်

အမေရိကန် သမ္မတအိုဘားမားရဲ့ သမ္မတသက်တမ်းအတွင်း ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို လာရောက်ဖို့ ဒီနေ့ ထပ်မံဖိတ်ကြားသွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေးနှင့် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Mr. Benjamin Rhodes တို့ တွေ့ဆုံမှုအတွင်း ထပ်မံဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။ “အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာကတည်းက ဖိတ်ထားတာပါ၊ အဲ့ဒါကို ထပ်လောင်းဖိတ်တဲ့ သဘောပါဗျ။” မြန်မာနိုင်ငံခြားရေးဝန်ကြီးဘက်က တိတိကျကျ အကြောင်းပြန်ခြင်းမရှိဘဲ အဆင်ပြေတဲ့အချိန် လာလည်မယ့်အကြောင်းပဲ ပြောခဲ့ပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်ပြီး သမ္မတအိုဘားမားဟာ သက်တမ်း ၂ နှစ် တာဝန်ထမ်းဆောင်ပြီးဖြစ်လို့ ထပ်မံအရွေးခံလို့ မရတော့ပါဘူး။ သမ္မတအိုဘားမားရဲ့ သက်တမ်းအတွင်း မြန်မာပြည်ကို လာရောက်လည်ပတ်ဖူးပြီး မြန်မာကို ပမာထားလို့ သူ့အစိုးရသက်တမ်အတွင်း အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်တဲ့အကြောင်း  ၂ ကြိမ်ထက်မနည်း ထုတ်ဖော်ပြောဆိုဘူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up