A d v e r t i s e m e n t With Us

ရေကစားပွဲတော်တွင်း ဓားကိုင်အကြမ်းဖက်ရန်ပွဲဖြစ်၊ လူ ၃ ဦး ဓားထိုးခံရ (ရုပ်သံ)

အင်္ဂလန်နိုင်ငံအလယ်ပိုင်း၊ ဆာပန်တိုင်းကန်အနီးမှာ ဇူလိုင် ၁၉ ရက်နေ့ညပိုင်းက ရေကစားပွဲတော် ကျင်းပခဲ့ပြီးနောက်မှာ ဓားကိုင်အကြမ်းဖက်ရန်ပွဲတခုအသွင် ပြောင်းသွားခဲ့ကာ ရန်ပွဲကာလအတွင်း လူ ၃ ဦးဟာ ဓားနဲ့ ထိုးခံခဲ့ရပါတယ်။ ရုတ်တရက်ဖြစ်ခဲ့တဲ့ ဒီရန်ပွဲထဲမှာ ဓားထိုးခံရသူ ၃ ဦးထဲ ရဲအရာရှိ ၁ ဦးပါဝင်ပြီး တခြားရဲအရာရှိတဦးကတော့ ဦးခေါင်းကို ပုလင်းနဲ့ ရိုက်ခံခဲ့ရတယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသားတဦးနောက်ကို တဖွဲ့တည်းလို့ ယူဆရတဲ့ ဓားကိုင်လူရမ်းကားတွေဟာ လန်ဒန်မြို့ရဲ့ လူသူရှုပ်ထွေးတဲ့ လမ်းမပေါ်ကို ဖြတ်ပြီး လိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ စားသောက်ဆိုင်တခုထဲမှ ဒီအဖြစ်ပျက်ကို ရိုက်ကူးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်တခုမှာလည်း ခြေဦးတည့်ရာ ကြောက်လန့်တကြားပြေးနေကြတာကို တွေ့ရပါတယ်။ တခြားဓားထိုးခံရသူ ၂ ဦးကိုတော့ အမည်မဖော်ပြနိုင်သေးပဲ သူတို့ဟာ ညပိုင်း ၈ နာရီ မိနစ် ၄၀ လောက်မှာ ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ သူတို့ကိုတော့ လောလောဆယ် ဆေးရုံကို ပို့ဆောင်ကုသပေးနေပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အဲဒီနေ့က လူစုလူဝေးကြီးအနေနဲ့ စုရုံးရောက်ရှိနေကြတာဟာ အမေရိကန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ လူမည်းတွေအခွင့်အရေးအတွက် လှုပ်ရှားမှုပွဲတော်အနေနဲ့ ရောက်ရှိနေကြတာပါ။ လက်ရှိမှာတော့ ဒီအဖြစ်အပျက်ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို မဖမ်းမိသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ မြို့တော်ရဲဌာနက ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းပေးချင်ရင်တော့ မှုခင်းတားဆီး ရေးရဲတပ်ဖွဲ့ဖုန်းနံပါတ် ၁၀၁ ကို ဆက်သွယ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အမည်ဝှက်နဲ့ သတင်းပေးချင်တယ်ဆိုရင်တော့ အင်တာနက်ဝက်ဘ်စာမျက်နှာ crimestoppers-uk.org ဒါမှမဟုတ် ဖုန်းနံပါတ် ၀၈၀၀-၅၅၅-၁၁၁ ကို ဆက်သွယ်နိုင် တယ်လို့ ဆိုပါတယ်။ အဲဒီရန်ပွဲတွင်း စုရုံးနေခဲ့ကြတဲ့ လူအုပ်စုကြီးကို နောက်တနေ့မနက် ၂ နာရီ မိနစ် ၂၀ လောက်မှာမှ ခွဲထုတ်နိုင်ခဲ့တယ်လို့ ရဲဌာနက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up