မိသားစုကို မြွေဟောက် ၄ ကောင်ရန်ကနေ အသက်ပေး ကယ်တင်သည့်ခွေး (ရုပ်သံ)

3.2K
သေစေနိုင်လောက်တဲ့ မြွေဟောက် ၄ ကောင်ရဲ့ ရန်ကနေ သခင် မိသားစုကို အသက်ပေးပြီး ကာကွယ်သွားတဲ့ ဒိုဘာမန်ခွေးကို သူရဲကောင်းအဖြစ် သခင်နဲ့ ရွာသားတွေက အမှတ်ရနေပါတယ်။
ဇူလိုင် ၁၁ ရက်က အိန္ဒိယနိုင်ငံ ဆီဘီကာပူ ရွာမှာ ဒိုဘာမန်နဲ့ သခင်မိသားစု ၈ ဦးတို့ အပန်းဖြေနေစဉ်မှာ မြွေဟောက် ၄ ကောင်က အပြင်ကနေ အိမ်အတွင်းကို ၀င်ဖို့ ကြိုးစားခဲပါတယ်။
ဒါကို သိရှိသွားတဲ့ ခွေးကလေးက မြွေဟောက်တွေကို အထဲမ၀င်နိုင်အောင် တိုက်ခိုက်ခဲ့ပါတယ်။ မြွေဟောက် ၄ ကောင်နဲ့ ဒိုဘာမန်တို့ နာရီအတော်ကြာ တိုက်ခိုက်ခဲ့ပြီး မြွေတွေလည်း သေဆုံးသွားပါတယ်။
မြွေတွေသေဆုံးပြီး သိပ်မကြာခင်မှာပဲ ခွေးကလေးက မြွေတွေ တိုက်ခိုက်ရာကနေ ရရှိထားတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားပါတယ်။
ပိုင်ရှင် ဒီဘာကာရီတာကတော့ မိသားစုတွေအတွက် ခွေးကာကွယ်သွားတာဟာ စိတ်ထိခိုက်မိသလို သေတဲ့အထိ ခွေးကို သတိရနေမယ်လို့ ဆိုပါတယ်။
ခွေးသေဆုံးသွားပြီးတဲ့နောက် ဒီသတင်းကို ကြားတဲ့ ရွာသားတွေက ခွေးကို ဂုဏ်ပြုခဲ့ပြီး သေဆုံးသွားတဲ့ ခွေးဘေးမှာ ပန်းတွေချကာ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပါတယ်။