A d v e r t i s e m e n t With Us

ကလေးဝမြို့အနီး မြေငလျင်လှုပ်

မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်း ကလေးဝမြို့အနီး အရှေ့တောင်ဘက် ၂၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး  အင်အားရစ်ခ်ျတာ စကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၀ ရက် မနက် ၉ နာရီ ၅၃ မိနစ် လောက်အချိန်မှာ  မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၁၇ မိုင်လောက်အကွာကိုဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးတွေရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up