ဧ၀ရက်တောင်ထိပ် အောင်မြင်စွာတက်ရောက်ခဲ့သူများကို ဂုဏ်ပြုဆုချီးမြှင့် (ဓာတ်ပုံ)
DVB
·
July 20, 2016
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့တဲ့ မြန်မာတောင်တက် အားကစားသမား ၃ ဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။
ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို နေပြည်တော်၊ အားကစားလေ့ကျင့်ရေး စခန်းမှာ ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။
သူတို့ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနက် ၇ နာရီ ၁၇ မိနစ်က ကမ္ဘာ့အမြင့်ဆုံး ဧရက် တောင်ထိပ်ကို ခြေချနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်ကိုကိုလတ်