တရုတ်ဟူနန်က လူနေအိမ်များကို ဖျက်ဆီးလိုက်သည့် မုန်တိုင်း (ရုပ်သံ)

1.7K
ဇူလိုင် ၁၇ ရက် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန် ခရိုင် ဂူဇန် စီရင်စုမှာ ၅ နာရီကြာ မုန်တိုင်းကြောင့် လူနေအိမ်အမြောက်အမြား ပျက်စီးသွားပါတယ်။
မုန်တိုင်းဟာ ၅ နာရီကြာ ကြာမြင့်ခဲ့ပြီးတဲ့နောက် အိမ်တွေကို ဖျက်ဆီးခဲ့သလို စိုက်ခင်းတွေလည်း ရေလွမ်းမိုးကုန်ပါတယ်။
ရေကြီးတဲ့အတွက်ကြောင့် ဆက်သွယ်ရေး လမ်းကြောင်းတွေ ပျက်သွားသလို ခရီးသွားတွေလည်း ပိတ်မိနေပါတယ်။
ပြင်းထန်တဲ့ရေစီးကြောင်းက မြို့ပေါ်က အဓိကကျတဲ့ အဆောက်အဦတွေကို ဖျက်စီးခဲ့ပါတယ်။
ဒေသခံတွေကိုလည်း ဘေးလွတ်ကင်းရာရွှေ့ပြောင်းခဲ့ရပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ရပါတယ်။