A d v e r t i s e m e n t With Us

ရေလွှာလျှောစီးသူများ သတိထား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ၁၀ ပေ၊ ၁၅ ပေ အမြင့်ရှိ ရေလွှာလျှောစီးတဲ့ လမ်းကြောင်းပေါ်ကနေ လူတဦး အောက်ကို ပြုတ်ကျသွားပါတယ်။ ပြုတ်ကျသွားတဲ့ ဒေးဗစ်ဆာမွန်က ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်ကို ဇူလိုင် ၁၉ ရက်နေ့က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပါတယ်။ လက်ရှိ ဆေးရုံမှာ တက်ရောက် ကုသခံနေရသလို ပြုတ်ကျတဲ့အတွက် လက်ကျိုးပြီး နံရိုး အက်သွားသလို ကျောနဲ့ လက်မောင်းတွေမှာစုတ်ပြဲ ဒဏ်ရာရကုန်ပါတယ်။ ခွဲစိတ်ကုသ မခံရပေမယ့် မကြာခင် အိမ်ကိုပြန်ဖို့ မျှော်လင့်နေသလို ရေလွှာလျှောစီးရင်လည်း သတိထားဖို့ သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up