A d v e r t i s e m e n t With Us

ကားလမ်းမပေါ်တွင် လူမိုက်ဆန်ဆန် ဓားပြတိုက်သူ ၂ ဦးကို တရုတ်ရဲ ဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက အဝေးပြေးလမ်းမပေါ်မှာ လူမိုက်ဆန်ဆန် ဓားပြတိုက်ခဲ့တဲ့ ဂိုဏ်း ၂ ခုကို ဖမ်းဆီးလိုက်ပါတယ်။ ဆစ်ဆောင်ပနားကနေ လင်ကန်မြို့ကို မောင်းနှင်လာတဲ့ ကားတစီးကို တားပြီး ဓားပြတိုက်ခဲ့တာကို ကားပေါ်က လုံခြုံရေးကင်မရာ မှတ်တမ်းကနေတဆင့် ဖမ်းဆီးလိုက်ပါတယ်။ ကား ဒက်ရှ်ဘုတ်ပေါ်တင်ထားတဲ့ ကင်မရာမှတ်တမ်းမှာတော့ လမ်းပေါ်မှာရပ်နေတဲ့ လူ ၃ ဦးက ကားကို ရပ်တန့်ခိုင်းခဲ့ပါတယ်။ အထဲက ဓားကိုင်ထားတဲ့ လူတဦးက ကားဆီကို ချဉ်းကပ်ခဲ့ပြီး ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားပြီး ကားက ခရီးဆက်ထွက်လာရာ နောက်တနေရာမှာလည်း အလားတူ လူဆိုးဂိုဏ်းက ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ ကားသမားဆီကနေ ဂိုဏ်း ၂ ခုက ယွမ် ၇၀၀ ဓားပြတိုက်သွားတယ်လို့ တရုတ် စီစီတီဗွီ သတင်းက ဇူလိုင် ၂၀ ရက်မှာ ထုတ်လွှင့်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up