A d v e r t i s e m e n t With Us

စက်ဘီးပြိုင်ပွဲလမ်းကြောင်းပေါ် ဖြတ်ပြေးသူကြောင့် စက်ဘီးများမှောက်၊ ပြိုင်ပွဲဝင်များ ဒဏ်ရာရ (ရုပ်သံ)

တရုတ်နိုင်ငံ ကွင်ဟေးကန်မှာ စက်ဘီးပြိုင်ပွဲ ကျင်းပနေစဉ် လမ်းဖြတ်ကူးသူတဦးကြောင့် ပြိုင်ပွဲဝင်သူတွေရဲ့ စက်ဘီးတွေ အဲဒီလူကို တိုက်မိကာ ပြိုင်ပွဲဝင် စက်ဘီးသမား အချင်းချင်းလည်း ပြန်လည် တိုက်မိကုန်ပါတယ်။ လမ်းဖြတ်ကူးသူတဦးက စက်ဘီးတွေ မလာခင် လမ်းကို ဖြတ်ကူးနိုင်မယ်လို့ ထင်မှတ်ပြီး ဖြတ်ကူးရာမှာ စက်ဘီးတွေက ဖြတ်ကူးတဲ့သူကို ၀င်တိုက်မိခဲ့ပါတယ်။ လမ်းဖြတ်ကူးတဲ့သူက ဓာတ်ပုံရိုက်ဖို့ ကြိုးစားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါ့အပြင် စိတ်အခြေအနေ မမှန်ဘူးလို့လည်း ဆိုပါတယ်။ ဖြတ်ကူးသူကို ၀င်တိုက်မိပြီးတဲ့နောက်မှာတော့ ပြိုင်ပွဲဝင်စက်ဘီး တော်တော်များများလည်း လဲပြိုကုန်ပါတယ်။ ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေအရ ပြိုင်ပွဲဝင်တဲ့ စက်ဘီးသမား ၆ ဦးနဲ့ ဖြတ်သွားတဲ့သူလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ရုပ်သံမှတ်တမ်းကို တရုတ် စီစီတီဗွီသတင်းဌာနက ဇူလိုင် ၁၈ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up