မင်းကင်းတွင် ခေါင်းလောင်းပေါ်မည့်သတင်းနှင့် နတ်ဝင်ပူးသူများ (ဓာတ်ပုံ)


















3.9K
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာမှာ ခေါင်းလောင်းပေါ်မယ်ဆိုတဲ့ သတင်းကြောင့် အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကြည့်ရှုသူ တွေနဲ့ စည်ကားနေပါတယ်။
မောက္ကတော်ရွာဟာ ချင်းတွင်းမြစ်နဲ့ ကုက္ကားချောင်းဆုံရာဒေသမှာရှိပြီး ဒေသခံတွေရဲ့ပြောစကားအရ သဲဖြူဆရာတော်ကို အထက်ပုဂ္ဂိုလ်ဆိုတာတွေက လာပြောတာလို့ ဆိုပါတယ်။
ဒါကြောင့် ဆရာတော်တွေရော၊ နတ်ကတော်တွေရော၊ ဂိုဏ်းဆရာတွေရော နေရာစုံကရောက်လာနေကြတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
လာကြည့်တဲ့သူတွေထဲကလည်း နတ်ပူးလိုက်၊ နဂါးပူးလိုက်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ရေထဲဆင်းငုပ်တာ၊ စက်နဲ့တူးတာတွေတော့မရှိသေးဘူးလို့ ပြောပါတယ်။
သတင်းဓာတ်ပုံ - အောင်ကိုလတ်