ပြန်ပေးဆွဲခံရသည့် ပါကစ္စတန် တရားသူကြီး၏သားကို ကယ်တင်

ပြန်ပေးဆွဲခံရသည့် အလီရှာ။ (ဓာတ်ပုံ - ndtv)
495
ပြီးခဲ့တဲ့လက ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ထိပ်တန်း တရားသူကြီးတဦးရဲ့ သားကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၉ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့ပါတယ်။
ပြန်ပေးဆွဲခံရသူ အလီရှာဟာ ရှေ့နေတဦးလည်းဖြစ်ပြီး အာဖဂန်နစ္စတန် နယ်စပ်နားက Tank ဆိုတဲ့မြို့နားမှာ ကယ်တင်နိုင်ခဲ့တာပါ။
ပါကစ္စတန် တာလီဘန်တွေက ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး သူ့ကို နေရာအပြောင်းအရွှေ့မှာ ကယ်တင်နိုင်ခဲ့ကာ ကားထဲမှာ ခြေတွေ၊ လက်တွေကို ချိန်း (Chain) ကြိုးတွေနဲ့ ချုပ်နှောင်ထားတဲ့ အနေအထားနဲ့ ကယ်တင်နိုင်ခဲ့တာပါ။
သူ့ကို ကယ်တင်ခဲ့တဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်သွေးကြွတွေ ပစ်ခတ်မှုဖြစ်ပြီး စစ်သွေးကြွ ၃ ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။
အလီရှာဟာ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့က ကရာချိမြို့ လူကုန်ထံရပ်ကွက်ထဲမှာ ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။