ဆိုင်ကယ်နောက်မှ ပြုတ်ကျပြီး ရေစီးနှင့် မျောပါခဲ့သည့် ကလေးငယ်ကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ခရိုင်၊ ရှီဟောင်ဒေသမှာ ကလေးငယ်တဦးဟာ ဆိုင်ကယ်နောက်မှ ပြုတ်ကျပြီး ရေစီးနဲ့အတူ မျောပါခဲ့တဲ့အတွက် လမ်းသွားလမ်းလာတဦးက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။ တရုတ်နိုင်ငံ နေရာဒေသ အနှံ့အပြားမှာ မိုးပြင်းပြင်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေခဲ့တာဖြစ်ပြီး လမ်းမတွေပေါ် ရေလျှံနေခဲ့တာပါ။ အဲဒီအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တာဖြစ်ပြီး အဆိုပါကလေးငယ်ဟာ မိခင်ရဲ့ လျှပ်စစ်ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျခဲ့ကာ ရေစီးကြောင်းထဲ မျောပါသွားခဲ့တာပါ။ အနီးနား မျက်မြင်တွေ့ရှိသူ အမျိုးသားတဦးက ကလေးငယ်ရှိရာဆီ ပြေးသွားခဲ့ပြီး အချိန်မီ ကယ်တင်လိုက်နိုင်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ မိခင်ရော ကလေးငယ်ပါ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံ၊ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ နောက် ၂ ရက်လောက်အထိ မိုးပြင်းပြင်းထန်ထန် ရွာသွန်းနိုင်ပြီး မုန်တိုင်းရဲ့ အခြေအနေကိုတော့ အ၀ါရောင်အဆင့် သတ်မှတ်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up