ဘရာဇီးတွင် သံသယဖြစ်ဖွယ် အထုပ်တထုပ်ကို ဗုံးရှင်းလင်းရေးအဖွဲ့ ဖျက်ဆီး
ဘရာဇီးအိုလံပစ်ကျင်းပဖို့ ရက်သတ္တပတ်နည်းနည်းပဲ ကျန်တော့တဲ့အချိန် ဇူလိုင် ၁၈ ရက်က ရီယိုဒီဂျနဲရိုးမြို့မှာ သံသယဖြစ်ဖွယ် အထုပ်တထုပ်ကို ဗုံးရှင်းလင်းရေးအဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ အမျိုးသားတဦးက လက်ဆွဲအိတ်တလုံးကို လက်ဘလွန်ရပ်ကွက်ထဲမှာ ထားပြီး ပြန်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေက ရဲတွေကို အကြောင်းကြားခဲ့ပြီးနောက် ဗုံးရှင်းလင်းရေးတပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အထုပ်ကို Xray ရိုက်ကြည့်တဲ့အခါ သံသယဖြစ်ဖွယ် ပစ္စည်းတခုကို တွေ့ရှိခဲ့လို့ ရှင်းလင်းခဲ့တယ်လို့ ဗုံးရှင်းလင်းရေးအဖွဲ့ အရာရှိ Andre Ferrao က ပြောပါတယ်။။
သံသယဖြစ်ဖွယ်အထုပ်ကို တွေ့ရတဲ့နေရာဟာ လူနေအိမ်တွေ၊ ရုံးတွေ၊ ကျောင်းတွေ၊ ရုပ်ရှင်ရုံတရုံတို့နဲ့ နီးကပ်ပါတယ်။
ရီယိုမြို့မှာ အိုလံပစ်ပွဲတော်ကို လက်ခံကျင်းပမှာဖြစ်လို့ လုံခြုံရေးကို အထူးတပ်လှန့်ထားပါတယ်။