A d v e r t i s e m e n t With Us

မြောင်းမြမြို့ အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများ ပူးပေါင်းကျင်းပ

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြဂုဏ်ရည်လမ်းနဲ့ ၇ လမ်းထောင့်မှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားကို ခလရ ၉၃ က အရာရှိစစ်သည်အချို့နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူများ လာရောက်ခဲ့ကြပါတယ်။ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဥဩဆွဲ ဂါဝရပြုခဲ့ကြပါတယ်။ အရင်ကတော့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက အာဇာနည်နေ့ အခမ်းအနားကို သီးသန့်ပြုလုပ်ခဲ့ ပြီး ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားမှာတော့ ဌာနဆိုင်ရာနဲ့ မြို့သူမြို့သားတွေက ပထမဆုံးအကြိမ် ပူးပေါင်ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားပဲဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး  

A d v e r t i s e m e n t With Us

More News
Up