A d v e r t i s e m e n t With Us

ထိုင်းကြက်တောင်ရိုက်ချန်ပီယံကို တားမြစ်ဆေးသုံးစွဲမှုဖြင့် အရေးယူထားမှု ရုပ်သိမ်း

ဓာတ်ပုံ - အေအက်ဖ်ပီ
ထိုင်းနိုင်ငံက ကြက်တောင်ရိုက်ချန်ပီယံ Ratchanok Intanon ကို တားမြစ်ဆေးသုံးစွဲမှုနဲ့ အပြစ်ပေးထားတာကို ရုပ်သိမ်းလိုက်ပြီလို့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် အသက် ၂၁ နှစ်အရွယ် Ratchanok ဟာ ဘရာဇီးအိုလံပစ်မှာ ၀င်ပြိုင်နိုင်ဖို့ လမ်းပွင့်သွားပါပြီ။ ကမ္ဘာ့အဆင့် ၄ ဖြစ်တဲ့ Ratchanok ဟာ မေလတုန်းက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ အူဘာဖလား (Uber Cup) ပြိုင်ပွဲဝင်ခါနီး ဆေးစစ်တဲ့အခါ တားမြစ်ဆေး သုံးစွဲတယ် ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြိုင်ပွဲဝင်ခွင့် ဆိုင်းငံ့ခံထားရတာ ဖြစ်ပါတယ်။ အခုတော့ ကြက်တောင်အဖွဲ့ချုပ်က ဆိုင်းငံ့ပြစ်ဒဏ်ကို ရုပ်သိမ်းပေးလိုက်တဲ့အကြောင်း ထိုင်းနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်က ဘန်ကောက် သတင်းစာရှင်းလင်းပွဲမှာ ကြေညာပါတယ်။ ကာယံရှင်ဖြစ်တဲ့ Ratchanok ကိုယ်တိုင်ကတော့ သူ့အနေနဲ့ အမှားအယွင်းလုပ်ခဲ့တာ မရှိခဲ့ကြောင်း၊ အိုလံပစ်ပြိုင်ပွဲ ၀င်ပြိုင်ဖို့ အခွင့်အရေး ရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up