A d v e r t i s e m e n t With Us

တိဘက်တွင် ဆီးနှင်းနှင့် ကျောက်တုံး ရောထွေးပြိုကျမှုကြောင့် လူ ၉ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ဆီးနှင်းနဲ့ ကျောက်တုံးတွေ ရောထွေးပြိုကျမှုကြောင့် လူ ၉ ဦး သေဆုံးတယ်လို့ ဇူလိုင် ၁၈ ရက်က အတည်ပြုပါတယ်။ သေဆုံးသူအားလုံးဟာ ငါရီခရိုင် ရူတုတ်မြို့နယ် ဒန်ရူရွာက ဒေသခံတွေပါ။ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက နှင်းပြိုမှုကြောင့် ဒီလူတွေအားလုံး ၈ မီတာထိနက်အောင် နှင်းနဲ့ဖို့တာ ခံခဲ့ရတယ်လို့ ခရိုင်အစိုးရက ဆိုပါတယ်။ တချို့နေရာတွေမှာ နှင်းက မီတာ ၂၀ အထိ နက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ နှင်းပြိုမှုကြောင့် သိုးအကောင်ရေ ၃၅၀ ကျော်နဲ့ စာမရီနွား အကောင်ရေ ၁၁၀ ကျော် နှင်းအောက် မြုပ်ခဲ့ပါတယ်။ ဒေသခံ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အနားက ရေခဲမြစ်တွေမှာ အက်ကြောင်းရာတွေ ပေါ်ခဲ့ပြီး နောက်ထပ် နှင်းတောင်ပြိုမှုတွေ ထပ်ဖြစ်မှာကို ကယ်ဆယ်ရေးသမားတွေ စိုးရိမ်နေကြပါတယ်။ နှင်းတောင်ပြိုတဲ့ နေရာနားက အိမ်ထောင်စု ၂ စုကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အခင်းဖြစ်ရာမြို့ဟာ တိဘက်ဒေသရဲ့ အနောက်မြောက်ဘက်မှာ ရှိပြီး ပျမ်းမျှ အမြင့်ပေ တသောင်းခွဲနီးပါး နေရာမှာ တည်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up