အာဆီယံ ယူ ၁၆ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်း ဖိလစ်ပိုင်ကို ဂိုးပြတ်အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
အာဆီယံ ယူ ၁၆ အုပ်စု က နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ ဖိလစ်ပိုင်တို့ ဇူလိုင် ၁၈ ရက် ညနေက ယှဉ်ပြိုင်ရာ မြန်မာ ယူ ၁၆ အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၁ မိနစ်မှာ ၀င်းနိုင်ထွန်း၊ ၆၇ မိနစ်မှာ ဘိုဘိုအောင်နဲ့ ၈၁ မိနစ်မှာ ထက်ထက်အောင်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းဟာ ဘောလုံးပိုင်ဆိုင်ခွင့် ၆၂ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်တွေမှာလည်း အသာစီးရခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု က အခြားပွဲစဉ်တွေမှာတော့ သြစတြေးလျက မလေးရှားကို ၇ ဂိုး ၁ ဂိုး၊ ဗီယက်နမ်က စင်ကာပူကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။
အုပ်စုတွင်း ပွဲစဉ်တွေအပြီးမှာတော့ ဗီယက်နမ်က ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ပထမ၊ သြစတြေးလျက ၁၀ မှတ်နဲ့ အုပ်စု ဒုတိယ ရပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
မြန်မာအသင်းကတော့ ရမှတ် ၇ မှတ်နဲ့ အုပ်စု တတိယနေရာပဲ ရတဲ့အတွက် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။