A d v e r t i s e m e n t With Us

ပျဉ်းမနားမြို့တွင် ပြုလုပ်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ)

ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နေပြည်တော်ကောင်စီ နယ်မြေအတွင်း ပျဉ်းမနားမြို့ ရှမ်းကန်ထောင့်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုမှာ ကျင်းပပါတယ်။ ဒီ ဗိုလ်ချုပ်ကြေးရုပ်တုကို ပျဉ်းမနားမြို့ ရှမ်းကန် ပန်းဥယျာဉ်ထဲမှာ ၁၉၆၄ ခုနှစ်ကတည်းက ဂုဏ်ပြု တည်ဆောက်ထားခဲ့တာပါ။ ဒီနှစ်မှာတော့ ဗိုလ်ချုပ်ကြေးရုပ်တုကို အကြီးစား ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ပြီး အခုလို ဂုဏ်ပြုခွင့်ရတာလည်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ လာရောက်ဂါရဝပြုတဲ့ ပြည်သူတွေက ပြောပါတယ်။ သတင်းဓာတ်ပုံ - အောင်ကိုကိုလတ်  

A d v e r t i s e m e n t With Us

More News
Up