ပြည်မြို့တွင် ကျင်းပသည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ)
မင်းညို
·
July 19, 2016
ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ ပြည်မြို့နယ်အတွင်းက ဌာနဆိုင်ရာပေါင်းစုံ အလေးပြု ပန်းခွေချခြင်းနဲ့ အလံတ၀က်ချတဲ့ အခမ်းအနားတခုကို ပြည်မြို့ မြို့လယ်ရှိ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှာ ဒီနေ့မနက် ၇ နာရီထိုးက စတင်ကျင်းပခဲ့ပါတယ်။
အဲဒီနောက် နယ်ပယ်အသီးသီးက ပြည်သူတွေနဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ မိသားစုဝင်တွေ၊ ပရဟိတအဖွဲ့တွေက ကိုယ့်စစ်ကျောင်းနဲ့ကိုယ် ချီတက်အလေးပြု ပန်းခွေချကြမှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - မင်းညို