A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအ၀င် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ မနက်က တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရေတို၊ ရေရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြပြီး နိုင်ငံတ၀န်း ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ဆောင်ရွက်ရမယ့် လုပ်ငန်း တွေကို စနစ်တကျ စီမံခန့်ခွဲကာ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြဖို့ မှာကြားခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up