အာမေးနီးယားမြို့တော်ရှိ ရဲစခန်းကို လက်နက်ကိုင်အဖွဲ့ ၀င်စီးပြီး ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီး (ရုပ်သံ)

1.4K
အာမေးနီးယားနိုင်ငံရဲ့မြို့တော်မှာ ဇူလိုင် ၁၇ ရက်က ရဲစခန်းကို လက်နက်ကိုင်တဖွဲ့က ၀င်ရောက်စီးနင်းထားပြီး ရဲတပ်ဖွဲ့ဝင်တွေကို ဓားစာခံ ဖမ်းဆီးထားပါတယ်။
စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးပြီး အတိုက်အခံ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လက်နက်ကိုင် စီးနင်းသူတွေက တောင်းဆိုထားပါတယ်။
အတိုက်အခံခေါင်းဆောင် ဆီဖီလီယန်ဟာ ဧပြီလက ဖြစ်ပွားခဲ့တဲ့ နာဂေါနို-ကာရာဘတ် အရေးအခင်းကို ကိုင်တွယ်ခဲ့ပုံနဲ့ ပတ်သက်ပြီး အာမေးနီးယား သမ္မတကို အပြင်းအထန် ဝေဖန်တိုက်ခိုက်တာပါ။
လက်နက်ကိုင်တွေက ဗွီဒီယိုဖိုင်တခုထုတ်ပြီး သူတို့ကို ထောက်ခံသူတွေ လမ်းမပေါ်ထွက်ပြီး လူထုအုံကြွပွဲတွေ ဆင်နွှဲကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဝင် ၇ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံ သတင်းတွေမှာ ဖော်ပြကြပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
သူတို့မှာ လက်နက်ချဖို့ အစီအစဉ်မရှိဘူး၊ သူတို့ကို တိုက်ခိုက်လာရင် ခံတိုက်မယ်လို့ ရဲစခန်း အပိုင်စီးသူ လက်နက်ကိုင်တွေက ပြောဆိုထားပါတယ်။