A d v e r t i s e m e n t With Us

ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်သည့် အမျိုးသမီးတရာကျော် ၀စ်လစ်စလစ်ဖြင့် သရုပ်ဖော်ပြသ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကလိဗ်လဲန်းပြည်နယ်မှာ ဇူလိုင် ၁၇ ရက်နေ့က ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတရာကျော်ရဲ့ မှန်ချပ်တွေ ကိုင်ဆောင်ပြီး ၀စ်လစ်စလစ်နဲ့ သရုပ်ပြခဲ့ကြပုံကို ဓာတ်ပုံဆရာ စပဲန်ဆာ တူနစ်ခ်က မှတ်တမ်းတင် သရုပ်ဖော် ပြသခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးအမြင်နဲ့ ဖော်ပြချက်တွေဟာ အိမ်ဖြူတော်နဲ့ မသင့်တော်ဘူးလို့ သူတို့က ဖော်ပြလိုတာဖြစ်ပြီး ရီပတ်ဘလစ်ကန်ပါတီရဲ့ တွေ့ဆုံပွဲ မတိုင်ခင်မှာ ခုလို စုရုန်းခဲ့ကြတာပါ။ စပဲန်ဆာ တူနစ်ခ်ဟာ ၀စ်လစ်စလစ် သရုပ်ဖော်အနုပညာ ပြချက်တွေကြောင့် လူသိများတဲ့ အနုပညာရှင်တဦးဖြစ်ပြီး အခုပြသတဲ့ အနုပညာပြကွက်ကိုတော့ ပုံသဏ္ဌာန်စုံ၊ အရောင်စုံ၊ အရွယ်အစားစုံတဲ့ အမျိုးသမီးတွေရဲ့ ၀စ်လစ်စလစ်ပုံတွေနဲ့ သရုပ်ဖော်ခဲ့ကာ “သူတို့အားလုံးမှာ ရှိသမျှအလုံးစုံဟာ အရာရာပါပဲ” လို့ အမည်တပ် ဖော်ပြခဲ့တာပါ။ တူနစ်ခ်ရဲ့ အင်တာနက် ၀က်ဘ်ဆိုက် စာမျက်နှာပေါ်မှာတော့ မှန်တွေနဲ့ သရုပ်ဖော်မှုကို  “မိခင်သဘာဝကို ဖော်ညွှန်းတဲ့ အမျိုးသမီးတွေရဲ့ သိမှုနဲ့ ဉာဏ်ပညာကို ရောင်ပြန်ထင်ဟပ်စေတယ်” လို့ ရှင်းပြခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တူနစ်ခ်က “ဒါဟာ သမ္မတရွေးကောက်ပွဲမှာ အမုန်းပွားစေမယ့် အစအန မဖြစ်သင့်ဘူး” လို့ အေအက်ဖ်ပီသတင်းကို ပြောပါတယ်။ “ကျနော် (သူ့ကို) မဲမပေးနိုင်ပါဘူး။ ကျနော် တခုခုလုပ်ရမယ်။ အမေရိကန်နိုင်ငံ တ၀ှမ်းလုံးက အနုပညာရှင်တွေတိုင်း ရွေးကောက်ပွဲမတိုင်ခင်မှာ အနုပညာဖော်ပြချက်တခုခု လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up