မီးဖိုချောင်သုံး စတီးခွက်ထဲ လက်မညပ်ခဲ့သည့် တနှစ်သားကလေးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွီခရိုင်၊ ဇူကျိုးမြို့မှာ တနှစ်သားကလေးငယ်တဦးဟာ မီးဖိုချောင်သုံးပစ္စည်း ထည့်စရာ စတီးလက်ကိုင်ခွက်ဘေးက အပေါက်ငယ်ထဲကို လက်မညပ်ခဲ့ပြီး ပြန်ထုတ်မရ ဖြစ်နေခဲ့တဲ့အတွက် အရေးပေါ် ကယ်တင်ခဲ့ရတယ်လို့ စီစီတီဗွီ သတင်းမှာ ဇူလိုင် ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ကလေးငယ်ရဲ့ ညာဘက်လက်မကို အဲဒီအပေါက်ငယ်ထဲက ပြန်ဆွဲထုတ်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ ခွက်ရဲ့ဘေးက စတီးအသားကို ကိုက်ညှပ်ထုတ်ကာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတာပါ။ ဖိအားဒဏ်အပူကြောင့် နာကျင်နေတဲ့ ကလေးငယ်ဟာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ငိုယိုနေခဲ့ပြီး မိခင်က ချော့မော့နေခဲ့ရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ခွက်ရဲ့ဘေးအသား အ၀ိုင်းပေါက်ပတ်လည်ကို လွှအ၀ိုင်းနဲ့ ပြန်ဖြတ်ထုတ်ခဲ့ချိန်မှာ မျက်နှာပြင် ပူလောင်တဲ့အတွက် ရေတွေနဲ့လောင်းချကာ အပူဒဏ်သက်သာအောင် လုပ်ပေးခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ကလေးငယ်ရဲ့လက်မကို ပြန်လည်ဆွဲထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာတခုမှ မရရှိခဲ့ပေမယ့် ဒီအတွေ့အကြုံဟာ သူ့အတွက်တော့ ထိတ်လန့်စရာ အခြေအနေတခု ဖြစ်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up