A d v e r t i s e m e n t With Us

ရာသီကြို ခြေစမ်းပွဲတွင် နိုင်ပွဲဆက်သည့် လီဗာပူး (ရုပ်သံဟိုက်လိုက်)

၂၀၁၆-၂၀၁၇ ပရီးမီးယားလိဂ် အမှတ်ပေးပွဲမတိုင်မီ ရာသီကြို ခြေစမ်းပွဲတွေ ကစားနေတဲ့ လီဗာပူးအသင်းဟာ ဇူလိုင် ၁၇ ရက်က ချန်ပီယံရှစ်ကလပ် ၀ီဂန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာလည်း ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးအသင်းအတွက် အနိုင်ဂိုးတွေကို မိနစ် ၇၀ မှာ ဒန်နီအင့်စ်နဲ့ ၇၄ မိနစ်မှာ ဘန်ဂျမင် ၀ုဒ်ဘန်းတို့က သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ လီဗာပူးအသင်းအတွက် ရာသီကြိုခြေစမ်းပွဲ  ဒုတိယမြောက်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကလည်း လိဂ်ဝမ်းကလပ် ဖလိဝုဒ်တောင်းနဲ့ ယှဉ်ပြိုင်ရာမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါသေးတယ်။ ၀ီဂန်အတွက်ကတော့ ရှုံးပွဲဆက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန်ယူအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ရာမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up