A d v e r t i s e m e n t With Us

တရုတ်အလယ်ပိုင်းတွင် တောင်ပြိုကျမှုဖြစ်ပြီး တောင်ခြေရှိအိမ်များ ပြိုကျ (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ထဲက ကျေးရွာတရွာမှာ ဇူလိုင် ၁၇ ရက်က တောင်ပြိုကျမှုဖြစ်ခဲ့ပြီး တောင်ခြေကအိမ်တွေ ပြိုကျခဲ့ပုံတွေကို စီစီတီဗွီရုပ်သံက ရရှိခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက် တရက်လုံး မိုးအကြီးအကျယ် ရွာသွန်းခဲ့ပြီး တောင်ပြိုကျမှု၊ မြေပြိုကျမှုတွေ နေရာအတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။ တောင်ပြိုကျမှုဖြစ်ခဲ့တဲ့ မိုရွန် (Morong) မြို့မှာ မိုးရေချိန် ၂၀၀ မီလီမီတာလောက် ရွာသွန်းခဲ့ပါတယ်။ မြို့တွင်းလမ်းတွေပေါ် တောင်ကျချောင်းရေတွေ ဖြတ်စီးဆင်းနေလို့ လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပြီး တချို့ကားတွေ ဘယ်ကိုမှ ဆက်မသွားနိုင်ဘဲ ပိတ်ဆို့ခံနေရပါတယ်။ ဒေသခံအာဏာပိုင်တွေက အရေးပေါ် ကယ်ဆယ်ရေးတပ်ဖွဲ့တွေ စေလွှတ်ထားပြီး မြေကော်စက်တွေနဲ့လည်း ပိတ်ဆို့နေတဲ့ လမ်းတွေကို ရှင်းလင်းဖို့ ကြိုးစားနေပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဇူလိုင် ၁၇ ရက် ညနေပိုင်းအထိ လူအသေအပျောက်စာရင်းတော့ မရရှိခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up