Home
မြန်မာသတင်း
ထိုင်းအကျဉ်းထောင်တွင်း ဆူပူမှုဖြစ်၊ အကျဉ်းသား ၃ ဦးသေဆုံး
DVB
·
July 17, 2016
ထိုင်းနိုင်ငံ၊ ပဌာနီခရိုင်ထဲက အကျဉ်းထောင်တခုတွင်းမှာ ဇူလိုင်လ ၁၅ ရက်နေ့ က ဆူပူလှုပ်ရှားမှုတွေဖြစ်ခဲ့ပြီးနောက်မှာ တောင်ပိုင်းခရိုင် ၅ ခုတွင်းက အကျဉ်းထောင် တွေကို တင်းကြပ်တဲ့ လုံခြုံရေးစနစ်နဲ့ စောင့်ကြည့်သွားရမယ်လို့ တရားရေးဝန်ကြီးဌာန က အမိန့်ထုတ်ထားပါတယ်။ မောင်ခရိုင်၊ ပဌာနီဗဟိုအကျဉ်းထောင်မှာ အချိန် ၇ နာရီကြာ ဖြစ်ပွားခဲ့တဲ့ ဒီဆူပူ လှုပ်ရှားမှုမှာ အကျဉ်းသား ၃ ဦးသေဆုံးပြီး ထောင်အမှုထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ဖော်ပြပါတယ်။ ဒီဆူပူလှုပ်ရှားမှုစတင်ခဲ့တာဟာ အဖွဲ့အစည်းတွေရဲ့ ထောင်တွင်း မိုဘိုင်းဖုန်းတွေ နဲ့ မူးယစ်ဆေးဝါးဆိုင်ရာ စစ်ဆေးစုံစမ်းမှုတွေအပေါ် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို မခံ မရပ်နိုင်ရာကနေ စတင်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တရားရေးဆိုင်ရာအမြဲတမ်းအတွင်းဝန် ချန်းချာအို ချိုင်ယန်နူကစ်က သူ့အနေနဲ့ တနိုင်ငံလုံးအနှံ့အကျဉ်းထောင်အာဏာပိုင်တွေကို ဒီသီတင်းပါတ်အတွင်းမှာ လက်ရှိ တောင်ပိုင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်ဆူပူမှုတွေကို ကာကွယ်ဖို့ လုံခြုံရေးတိုးမြှင့်ချထားဖို့ ညွှန်ကြားထား တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့တွေ၊ စစ်သားတွေနဲ့ ဒေသတွင်းသက်ဆိုင်ရာ တာဝန်ရှိသူတွေပူးပေါင်း ပြီး နှိမ်နင်းနိုင်ခဲ့တဲ့အတွက် လက်ရှိမှာတော့ ပဌာနီအကျဉ်းထောင်တွင်းအခြေအနေဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီလို့ သူက ပြောပါတယ်။ အကျဉ်းသား ၃၀၀ လောက်ကိုတော့ ဆောင်ခလာခရိုင်ထဲက နာသ၀ီခရိုင်အ ကျဉ်းထောင်၊ ဆောင်ခလာခရိုင်အကျဉ်းထောင်၊ ဆောင်ခလာဗဟိုအကျဉ်းထောင်၊ ဆောင်ခလာ ပြုပြင်ထိန်းသိမ်းရေးအကျဉ်းထောင်စတဲ့ ထောင်တွေဆီကို ယာယီရွှေ့ ပြောင်းထားခဲ့ရတာပါ။ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး ထိန်းသိမ်းထားစဉ်ကာလမှာ အကျဉ်းသားတွေရဲ့ ဆွေမျိုးတွေနဲ့လည်း တွေ့ဆုံခွင့် မပြုနိုင်သေးဘူး လို့ ဆိုပါတယ်။ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ အန်ခနာ နီလာပိုင်ဂျစ် ကတော့ ကော်မရှင်ကို ထောင်တွင်းအခြေအနေတွေကို စောင့်ကြည့်အချက်အလက်ရ ယူခွင့် ပိတ်ပင်ခံထားရတယ်လို့ ပြောပါတယ်။ ကောင်မရှင်အနေနဲ့ ထောင်တွင်းက ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေ တွေကို သိရဖို့ ကြိုးစားခဲ့ပေမယ့် တာဝန်ရှိသူတွေက အကျဉ်းသားတွေကို ပြန်လည်နေ ရာချထားဖို့လိုအပ်နေပြီး ဒီသီတင်းပတ်အကုန်မှသာ ဖြစ်နိုင်မယ်လို့ ပြောလိုက်တာပါ။ အန်ခနာက သက်ဆိုင်ရာအာဏာပိုင်တွေဟာ အကျဉ်းသားတွေရဲ့ ဆွေမျိုးသား ချင်းတွေ စိတ်သက်သာရရစေဖို့ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ နာမည်တွေကို ထုတ်ပြန် သင့်တယ်လို့ ပြောပါတယ်။ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဒီဆူပူလှုပ်ရှားမှုဟာ ၀ယ်ယူဆမန် ၀ယ်ဆမိုနဲ့ အက်ဆ၀ီ ဒိုလိုအမည်ရတဲ့ အကျဉ်းသား ၂ ဦးမှ စတင်ခဲ့ပြီး သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ဆောင်ခလာခရိုင် အကျဉ်းထောင်မှာလည်း ခုလိုဆူပူလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေဖြစ် တယ်လို့ ပဌာနီဗဟိုအကျဉ်းထောင်မှ ထောင်မှူးကြီး နော်ပရက် ရက်တနာဝေက ပြော ပါတယ်။ ခုဖြစ်ခဲ့တဲ့ ဆူပူလှုပ်ရှားမှုအပြီးမှာတော့ ၀ယ်ယူဆမန်ကို နရာသီဝပ်ခရိုင် အကျဉ်း ထောင်ကိုရွှေ့ပြောင်းထားပြီး အက်ဆ၀ီကိုတော့ ပဌာနီဗဟိုအကျဉ်းထောင်မှာထားရှိ တယ်လို့ သူက ပြောပါတယ်။ ဒီဆူပှုအကြမ်းဖက်မှုဖြစ်ချိန်မှာ အကျဉ်းထောင်တာဝန်ရှိသူတွေက ညနေ ၄ နာရီ ခွဲလောက်မှာ အကြောင်းကြားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့တွေနဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူ တွေက လာရောက် ရှင်းလင်းခဲ့ကြရတာပါ။ သူတို့ရောက်လာချိန်မှာ အကျဉ်းသား ၃၀၀ လောက်ဟာ သူတို့ကို တားမြစ်ဖို့  ကြိုးစားနေတဲ့ ၀န်ထမ်းတွေကို သစ်သားတွေ၊ ကျောက်တုံးတွေနဲ့ ပစ်ပေါက် တိုက်ခိုက်နေ ကြကာ စားသောက်တန်းအဆောက်အအုံနဲ့ တခြားအဆောက်အအုံတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မီးလောင်ခဲ့တဲ့ အဆောက်အအုံတွေကို ငြှိမ်းသတ်ဖို့ မီးသတ်ကား ၁၀ စီးလာ ရောက်ခဲ့ကြရတာပါ။ နောက်ဆုံးမှာတော့ ည ၁၁ နာရီလောက်မှာမှ လူစုခွဲ ထိန်းချုပ်နိုင်ခဲ့ကာ အကျဉ်းသား ၃ ဦးသေဆုံးပြီး အမှုထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန် ရှိသူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024