Home
ရုပျသံ
ကိုရီးယား ရွှံ့ဗွက်လူးပွဲတော် (ရုပ်သံ)
DVB
·
July 17, 2016
တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ ရွှံ့ကစားပွဲတော်ကို ဇူလိုင်လ ၁၆ ရက်နေ့က ဗောယွန်းကမ်းခြေမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီရွှံ့ကစားပွဲတော်ကို ကျင်းပလာတာ ကိုးနှစ်မြောက်ရှိပြီဖြစ်ပြီး အခုနှစ်မှာတော့ ပြည်တွင်း၊ ပြည်ပမှ ဧည့်သည် ငါးသိန်းရှစ်သောင်းအထိ ရောက်ရှိနေတယ်လို့ ပွဲစီစဉ်သူတွေ က ပြောပါတယ်။ ဗောယွန်းမြို့ဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်ကနေ အနောက်တောင်ဘက် မိုင် ၁၂၀ အကွာမှာ တည်ရှိပါတယ်။ ရွှံ့ကစားပွဲတော်မှာ ပါဝင်ဆင်နွှဲကြသူတွေက သန့်ရှင်းတဲ့ အ၀တ်အစားတွေနဲ့ ရှိနေကြကာ ရွှံတွေနဲ့ ပေကျံသွားချိန်မှာ တဦးနဲ့တဦးမမှတ်မိနိုင်တော့ပဲ တသားတည်း ကျသွားတာကိုပဲ ပျော်စရာကောင်းတယ်လို့ ပြောကြပါတယ်။ အမေရိကန်နိုင်ငံကနေ ဒီပွဲတော်ဆီလာရောက်လည်ပတ်တဲ့ အန်သိုနီ လိုပက်စ် ကတော့ သူ့အနေနဲ့ ရွှံဗွက်ပွဲတော်မှာ ၀င်ကစားရလိုက်ရတာ ကလေးတယောက်လို ပေါ့ပါး ပျော်ရွှင်သွားတယ်လို့ ပြောပါတယ်။ ဒီပွဲတော်ကို ရွှံ့အကျဉ်းထောင်၊ ဒါမှမဟုတ် ရွှံ့ရေချိုးခြင်းလို့ ဒေသအတွင်းမှာ ခေါ်ဆိုကြပါတယ်။ တောင်ကိုရီးယားနိုင်ငံတွင်း တခြားဒေသတွေက မိသားစုတွေကလည်း ဒီရွှံ့က စားပွဲတော်မှာ ဆင်နွှဲဖို့အတွက် ဗောယွန်းမြို့ဆီရောက်ရှိနေကြတာဖြစ်ပြီး ပွဲတော်ကို လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့အထိ ကျင်းပသွားဖို့ စီစဉ်ထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024