ဂျပန်လူမျိုးအဆိုတော်က မြန်မာ့ရိုးရာဂီတနှင့်အက မိတ်ဆက်ပွဲ ဂျပန်တွင်ပြုလုပ်
ဇော်ဇော်လှိုင်
·
July 16, 2016
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်လူမျိုးအဆိုတော် ဂျွန်ကိုဆုဝါက မြန်မာပြည်မှာ သင်ယူခဲ့တဲ့ မြန်မာ့ရိုးရာဂီတနဲ့အက အခြေခံပညာ မိတ်ဆက်တင်ပြပွဲကို ဇူလိုင် ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဂျပန်လူမျိုးတေးရေးတေးဆို ဂျွန်ကိုဆုဝါက မြန်မာနိုင်ငံမှာ သင်ယူလာခဲ့တဲ့ မြန်မာ့ရိုးရာ အနုပညာတွေကို ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနဲ့ ပူးပေါင်းပြီး မိတ်ဆက်တင်ပြပွဲကို ဇူလိုင်လ ၁၅ ရက်နေ့ ညက တိုကျိုမြိုမှာပြုလုပ်ခဲ့ရာ ဂျပန်လူမျိုးတွေ စိတ်ဝင်တစား လာရောက်ကြည်ရှူခဲ့ကြပါတယ်။
အဆိုတော်ဂျွန်ကို က မြန်မာ့ဂီတအခြေခံ တံထျာတေးရှင် ကဗျာလွတ်အကနဲ့ မြန်မာ့စောင်းတို့ကို မိတ်ဆက်ခဲ့သလို မြန်မာအဆိုတော်ဓိရာမိုရ်နဲ့ တွဲဖက်သီကုံးထားတဲ့ ဂျပန်နိုင်ငံ Kumamoto ခရိုင် ငလျှင်ဘေးသင့်ခံဒုက္ခသည်တွေအတွက် သီချင်းများကိုတင်ဆက်သွားခဲ့ပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာတွေကို ဂျပန်လူမျိုးတွေ ပိုမိုသိရှိအောင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်