ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဘတ်စ်ကားစီးပြီး ပြည်သူ့အခက်အခဲသိအောင်ကြိုးပမ်း
DVB
·
July 16, 2016
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒီနေ့မနက်ပိုင်းက BRT ဘတ်စ်ကားကို အများပြည်သူနဲ့အတူ စီးကြည့်ပြီး ပြည်သူလူထု ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို သိရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။
ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တချို့ဟာ ရန်ကုန်၊ဆူးလေကို ဦးတည်ပြေးဆွဲနေတဲ့ BRT ဘတ်စ်ကားတစီးကို စီးနင်းလိုက်ပါရင်း ပြည်သူရင်ဆိုင်နေရတဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်အောင် သူ အခုလို ဘတ်စ်စကားစီးကြည့်တာလို့ ကားပေါ်မှာပါလာတဲ့ မီဒီယာတွေကို ပြောခဲ့ပါတယ်။
ရုပ်သံ - Naw Pann Thinzar Myo