မအောင်မြင်သည့် တူရကီ အာဏာသိမ်းမှု အနည်းဆုံး လူ ၉၀ သေ၊ ၁၅၀၀ ကျော်ဖမ်း

ဓာတ်ပုံ - ရိုက်တာ
1.7K
တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့ ဖြစ်စဉ်မှာ အနည်းဆုံး လူ ၉၀ သေဆုံးခဲ့ပြီး စစ်တပ်အရာရှိ ၁၅၆၃ ဦး ဖမ်းဆီးထားတယ်လို့ တရားရေး ၀န်ကြီးဌာနက ဆိုပါတယ်။
ည ၁၁ နာရီလောက်မှာ အာဏာသိမ်းမှု စတင်ခဲ့ပြီး လူ ၁၁၀၀ လောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဗြိတိန် အင်ဒီပန်ဒန့်သတင်းက ရေးပါတယ်။
တူရကီမြို့တော် အန်ကာရာက လမ်းတွေပေါ်မှာ တင့်ကားတွေနေရာယူထားသလို စစ်လေယာဉ်တွေလည်း ကောင်းကင်ပေါ်မှာ ပျံဝဲနေပြီး အခြေအနေတွေက ရှုပ်ထွေးသွားခဲ့ပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ပါလီမန်မှာလည်း ဗုံးကွဲ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သတင်းမှာ ရေးပါတယ်။ သမ္မတ အာဒိုဂန်က ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ သတင်းတွေမှာ ဖော်ပြပေမယ့် လေဆိပ်ကနေ မထွက်ခွာလာသေးဘူးလို့လည်း ဆိုပါတယ်။
အန်ကာရာက စစ်ဌာနချုပ်ကို ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာကိုလည်း ရှင်းရှင်း မသိရသေးဘူးလို့ သတင်းက ရေးပါတယ်။ တူရကီ စစ်ဦးစီးချုပ် ဟူလူစီအာကာကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အခုအထိအာဏာသိမ်းတာကို ဘယ်သူတွေ လုပ်ဆယ်ခဲ့တာလဲဆိုတာကို မသိရသေးပါဘူး။
တူရကီစံတော်ချိန် ၈ နာရီခွဲလောက်မှာတော့ ပြန်လည် ကယ်ထုတ်လာနိုင်ပြီး အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အမိန်တွေပေးနိုင်ပြီလို့ ဆိုပါတယ်။
တိုက်လေယာဉ်ကလည်း အာဏာသိမ်းတဲ့သူတွေ အသုံးပြုတဲ့ ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်ခဲ့ပြီလို့ သတင်းက ဖော်ပြပါတယ်။
စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားတာကို တူရကီပြည်သူတွေက ဆန့်ကျင်ခဲ့ပြီးတဲ့နောက် အာဏာသိမ်းမှုမအောင်မြင်ဖြစ်ခဲ့ရပါတယ်။