A d v e r t i s e m e n t With Us

၂၀၁၇ မလေး ဆီးဂိမ်း အားကစားနည်း ၃၈ မျိုး ထည့်သွင်း ကျင်းပမည်

၂၀၁၇ ခုနှစ် မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း ၃၈ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာတို့ အားသာတဲ့ လှေလှော်နဲ့ အမျိုးသမီးခြင်းလုံး ပြိုင်ပွဲများ ပါဝင်မလာပါဘူး။ ဇူလိုင် ၁၄ ရက်က ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့  ဆီးဂိမ်းကောင်စီ အစည်းအဝေးမှာ ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းမယ့် အားကစားနည်းများကို အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂ဝ၁၇ ခုနှစ် သြဂုတ် ၁၉ ရက်မှ ၃၁ ရက်အထိ ကျင်းပမယ်၊အားကစားနည်း ၃၈ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄ဝ၅ မျိုး ထည့်သွင်းကျင်းပမယ်လို့ ကောင်စီက သတင်းထုတ်ခဲ့တာပါ။ ဘောလုံး၊ ဖူဆယ်၊ ရေကူး၊ ပြေးခုန်ပစ်၊ မျှားပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိုးလင်း၊ ဘိလိယက်၊ စနူကာ၊ လက်ဝှေ့၊ ခရစ်ကတ်၊ စက်ဘီး၊ မြင်းစီး၊ ဓားရေး၊ ဟော်ကီ၊ ဂေါက်သီး၊ ကျွမ်းဘား၊ ရေခဲပြင်ဟော်ကီ၊ ရေခဲပြင်စကိတ်၊ ဂျူဒို၊ ကရာတေးဒို၊ Lawn bowls ၊ မွေလက်ဝှေ့၊ Netball၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ရပ်ဘီ၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ သေနတ်ပစ်၊ Squash၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ Triathlon၊ ဘော်လီဘော၊ အလေးမ၊ ဝူရှူးနှင့် Water ski စတဲ့ ပြိုင်ပွဲများ ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂ဝ၁၃ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၈ဝ ကျော် ရရှိခဲ့သော်လည်း ၂ဝ၁၅ ဆီးဂိမ်း ပြိုင်ပွဲမှာတော့ ရွှေတံဆိပ် ၁၂ ခုပဲ ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up