A d v e r t i s e m e n t With Us

တူရကီအာဏာသိမ်းသည့် စစ်သားများ လက်မြောက် လက်နက်ချ (ရုပ်သံ)

တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတာ မအောင်မြင်ဖြစ်ခဲ့ပြီးတဲ့နောက် အစ္စတန်ဘူလ်မြို့က စစ်သားတွေ လက်မြောက်ပြီး လက်နက်ချခဲ့ပါတယ်။ အစ္စတန်ဘူလ်တံတားမှာ စစ်သားတွေ တင့်ကားတွေပေါ်ကဆင်းပြီး လက်မြောက် လက်နက်ချတဲ့ ဒီရုပ်သံကို တူရကီတီဗွီကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ အာဏာသိမ်းဖို့ ကြိုးစားတဲ့ လူ ၁၃၀ ကို ဖမ်းဆီးထားသလို တူရကီ စစ်တပ်ထဲက အစိတ်အပိုင်း ငယ်လေးတခုက အာဏာသိမ်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေအနေကို ထိန်းချုပ်လို့ရသွားပြီလို့ တူရကီ ၀န်ကြီးချုပ်က ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up