A d v e r t i s e m e n t With Us

ဘယ်လ်ဂျီယံ အသင်း နည်းပြကို ထုတ်ပယ်

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ ညံ့ဖျင်းတဲ့ စွမ်းဆောင်မှုကြောင့် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းဟာ နည်းပြ မားစ်ဝေးလ်မောက်ကို ထုတ်ပယ်လိုက်ပါတယ်။ ၂၀၁၈ အထိ သက်တမ်းရှိတဲ့ ဝေးလ်မောက်နဲ့ စာချုပ်ကို အဆုံးသတ်ဖို့ သဘောတူလိုက်တယ်လို့ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ယူရိုအတွက် သတ်မှတ်ထားတဲ့ရည်မှန်းချက်ကို မပြည့်မီတဲ့ အတွက် အရှိန်အဟုန်သစ်တခုလိုတယ်လို့ ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဆိုပါတယ်။ ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းဟာ ဝေးလ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အသက် ၄၇ နှစ် ဝေလ်းမောက်ဟာ ဘယ်လ်ဂျီယံအသင်းကို ကမ္ဘာဘောလုံးအဖွဲ့ချုပ် အဆင့်သတ်မှတ်ချက် ၅၄ ကနေ နံပါတ် ၂ နေရာ ရောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အသင်းကို ၄ နှစ်ကြာကာလအတွင်း ပွဲပေါင်း ၅၁ ပွဲကိုင်တွယ်ခဲ့ပြီး ၃၄ပွဲအနိုင်ရအောင် စွမ်းဆောင်ခဲ့ပါတယ်။ ဝေလ်းမောက်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ပွဲ ၇၀ ကစားပေးခဲ့ပြီး ၂၈ ဂိုး သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up