A d v e r t i s e m e n t With Us

တူရကီတွင် စစ်တပ်အာဏာသိမ်းမှု မအောင်မြင် (ရုပ်သံ)

တူရကီမှာ အာဏာသိမ်းဖို့ ကြိုးစားတဲ့ လူ ၁၃၀ ကို ဖမ်းဆီးထားတယ်လို့ တူရကီ သမ္မတက ပြောပါတယ်။ တူရကီ စစ်တပ်ထဲက အစိတ်အပိုင်း ငယ်လေးတခုက အာဏာသိမ်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သမ္မတရုံးက စနေနေ့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ အဖမ်းခံထားရတဲ့ စစ်ခေါင်းဆောင် တယောက်ကလည်း ပုန်ကန်တဲ့ သူ့တပ်တွေကို လက်နက်ချဖို့ အမိန့်ပေးတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ တခြား အာဏာသိမ်းဖို့ ကြံစည်တဲ့ သူတွေကိုလည်း ဖမ်းဝရန်း ထုတ်ထားတယ်လို့ နိုင်ငံတော် လက်ထောက် ရှေ့နေချုပ်က ကြေညာပါတယ်။ ဖမ်းဝရန်းစာရင်းထဲမှာ တရားရုံးချုပ်က အရာရှိတွေလည်း ပါဝင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ စစ်တပ်ရဲ့ အစိတ်အပိုင်းတခုက အာဏာသိမ်းတယ်လို့ ကြေညာတဲ့အချိန်မှာ သမ္မတ အာဒိုဂံဟာ မာမာရစ် ဆိုတဲ့ ကမ်းခြေမြို့မှာ အပမ်းဖြေ အားလပ်ရက် ခရီးထွက်နေချိန် ဖြစ်ပါတယ်၊ အန်ကာရာကို အမြန် ပြန်လာပြီးနောက် အာဏာသိမ်းဖို့ ကြိုးစားတဲ့လူတွေကို ဖမ်းဆီးလိုက်တယ်လို့ အစိုးရက ကြေညာလိုက်တာပါ။ အာဏာသိမ်းဖို့ ကြံစည်သူတွေလည်း ကြီးလေးတဲ့ တန်ဖိုးတွေ ပေးဆပ်ရမယ်လို့လည်း သမ္မတ အာဒို၈ံက အန်ကာရာမြို့ ပြန်မရောက်ခင်မှာ ပြောခဲ့ပါတယ်။ အမေရိကန်မှာ နေထိုင်ေနတဲ့ တူရကီ ဘာသာရေး ခေါင်းဆောင် ဂူလန်က စစ်တပ် အာဏာသိမ်းမှုဟာ သူနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောပါတယ်။ သောကြာနေ့ ညပိုင်းမှာ စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အန်ကာရာမြို့ရဲ့ ကောင်းကင်းမှာ ပျံသန်းနေခဲ့ပြီး ပေါက်ကွဲသံတွေလည်း ကြားနေရတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ နိုင်ငံပိုင်သတင်းဌာန အာနာဒိုလူရဲ့ သတင်းအရ စစ်ရဟတ်ယာဉ်တစင်းက အန်ကာရာ မြို့မှာရှိတဲ့ ထောက်လှမ်းရေးဌာနချုပ်ကို ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အန်ကာရာ မြို့တော်မှာ စနေနေ့မနက်ပိုင်း ထိ သေနတ်သံတွေ ဆက်ကြားနေရပြီး လမ်းပေါ်မှာ လူတွေ ရှင်းလင်းနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up