A d v e r t i s e m e n t With Us

တူရကီအာဏာသိမ်းမှုကို ဆန္ဒပြသူများက တင့်ကားများကို အပျက်အစီးများဖြင့် ပစ်ပေါက် (ရုပ်သံ)

တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတာကို ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြတဲ့သူတွေက တင့်ကားတွေကို အပျက်အစီးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ တူရကီမှာ စစ်တပ်က အာဏာသိမ်းတယ်လို့ ကြေညာခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ တူရကီနိုင်ငံ အန်ကာရာမြို့တော်မှာ ချထားတဲ့ စစ်ကားတွေကိုလည်း ဆန္ဒပြသူတွေက ၀ိုင်းထားခဲ့သလို မြို့ထဲကို ထွက်လာတဲ့ တင့်ကားတွေကိုလည်း ဆန္ဒပြတဲ့သူတွေက အပျက်အစီး အပိုင်းအစတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ တူရကီ အစ္စတန်ဘူလ်မြို့တော်မှာ တချို့ဆန္ဒပြတဲ့သူတွေက တင့်ကားပေါ်အထိတက်ပြီး တူရကီသမ္မတရဲ့ နာမည်ကို ဟစ်ကြွေးခဲ့ပါတယ်။ တူရကီသမ္မတ အာဒိုဂံက တူရကီနိုင်ငံသားတွေကို လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီကို ကာကွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် အာဏာသိမ်းတာကို ရှုတ်ချလိုက်ပြီး စစ်တပ်ကို သန့်ရှင်းရေး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ တူရကီ ၀န်ကြီးချုပ်က အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး လူ ၁၃၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီလို့ ကြေညာပါတယ်။ အန်ကာရာမှာလည်း အရပ်သားအများစုအပါအ၀င် လူ ၄၂ ဦးသေဆုံးတယ်လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ အန်ကာရာက အထူးတပ်ဖွဲ့ ဌာနချုပ်မှာ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် တူရကီ ရဲ ၁၇ ဦး သေဆုံးတယ်လို့ အစိုးရ သတင်းဌာနက ရေးပါတယ်။ ပါလီမန်အဆောက်အဦမှာလည်း ဗုံးက ပေါက်ကွဲခဲ့သလို ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး ဒဏ်ရာရတယ်လို့ အန်ကာရာ မြို့တော်ဝန်က ပြောပါတယ်။ တူရကီမှာ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။ တူရကီဘာသာနဲ့ ထုတ်လွှင့်တဲ့ စီအန်အန် သတင်းဌာနရဲ့ စတူဒီယိုကိုလည်း စစ်သားတွေက ၀င်ရောက်ထိန်းသိမ်းခဲ့ပြီး ထုတ်လွှင့်မှုကို ရပ်ဆိုင်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up