အမျိုးသမီး ၁၉ ဦး၏ ဖေ့စ်ဘွတ်ခ်ပရိုဖိုင်းပုံကို ညစ်ညမ်းဝက်ဆိုက်ပေါ်တင်သည့်လူငယ်ကို တရားရုံးတင်

1.6K
အမျိုးသမီး ၁၉ ဦးရဲ့ ဖေ့ဘွတ်ခ် ပရိုဖိုင်းပုံ ကာမရာဂစိတ်နှိုးဆွတဲ့ ၀က်ဆိုဒ်ပေါ်ကို လူငယ်တဦးက တင်ခဲ့တယ်လို့ တရားရုံးမှာ ကြားနာပြောဆိုခဲ့ပါတယ်။
ဗြိတိန်က အသက် ၂၂နှစ် အီဗန် မီဟန်ဟာ ဆယ်ကျော်သက်အမျိုးသမီးတွေ ရဲ့ ဓာတ်ပုံတွေကို ၂၀၁၃ ခုနှစ် အောက်တိုဘာကနေ ၂၀၁၄ ဇွန်အတွင်း တင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက်မှာ မီဟန်ကို တရားရုံးမှာ ဒုတိယအကြိမ် ရုံးတင်ခဲ့တာ ဖြစ်ပြိး အမျိုးသမီး ၁၉ ဦးက စွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီအမျိုးသမီး ၁၉ ဦးလုံးဟာ မီဟန်နဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ မိတ်ဆွေဖြစ်နေတဲ့သူတွေပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ ဆန္ဒနဲ့ သဘောတူညီချက်မပါဘဲ ဖေ့ဘွတ်ခ် ပရိုဖိုင်းဓာတ်ပုံတွေကို ညစ်ညမ်း ၀က်ဆိုဒ်တွေပေါ်ကို တင်ခဲ့တာကို နောက်ပိုင်းမှာ အမျိုးသမီးတွေက သတိထားမိတာ ဖြစ်ပါတယ်။