အမြန်လမ်းတွင် စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
July 16, 2016
ပဲခူးတိုင်းဒေသကြီး မြို့ ချောင်းရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၉၇/၆ နဲ့ ၇ အကြားမှာ ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်လောက်က စေတမန်ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရန်ကုန်မြို့ကနေ တောင်ငူမြို့ကို ည ၇ နာရီအချိန် ထွက်ခွာလာတဲ့ ခရီးသည် ၃၁ ဦးလိုက်ပါလာတဲ့ စေတမန်ခရီးသည်တင်ယာဉ်ဟာ အမြန်လမ်း မိုင်တိုင် ၉၇/၆ နဲ့ ၇ အကြားအရောက်မှာ လမ်းရဲညာဘက်အခြမ်းသို့ စလစ်ဖြစ်ပြီး ထိုးကြတိမ်းမှောက်ခဲ့တဲ့အတွက် အမျိုးသမီး ၁ ဦး နေရာမှာပင် သေဆုံးခဲ့ပြီး နောက်အမျိုးသမီး တဦးတော့ ဆေးရုံရောက်ရှိချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စေတန်မန်ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတာတဲ့ ခရီးသည် ၃၁ ဦးထဲက အမျိုးသမီး ၂ ဦးသေဆုံးခဲ့တဲ့အပြင် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
"လက်ရှိတော့ ယာဉ်အောက်မှာပိပြီး သေသူရယ်၊ ဆေးရုံရောက်မှ နောက်တယောက် ထပ်ဆုံးတယ် စုစုပေါင်း မနှစ်ဦးပေါ့။ လူနာကတော့ အခု ၁၂ ယောက်လောက် ရောက်လာပြီ။ မြို့ချောင်းဆေးရုံကမှတဆင့် ရန်ကုန် တောင်ငူဆက်ပို့မယ်" လို့ မြို့ချောင်းဆေးရုံက ဆရာဝန်တဦးက ပြောပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)